University of Information Technology

News & Announcements

မြန်မာအမျိုးသမီးများနေ့ အကြို ဆောင်းပါးပြိုင်ပွဲ

၂၀၂၄ ခုနစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး အမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသည့် အဆင့်မြင့်ပညာအဆင့် ဆောင်းပါး ပြိုင်ပွဲတွင် “ယဉ်ကျေးမှုအစဉ်အလာထိန်းသိမ်းရာ မြန်မာအမျိုးသမီးများတာဝန်သာ” ခေါင်းစဉ်ဖြင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ဒုတိယနှစ်(Semester-IV)သင်တန်းမှ ကျောင်းသူ မအေးမြတ်သိင်္ဂီ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထဆု ရရှိခဲ့ပြီး သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ဂုဏ်ကို မြှင့်တင်နိုင်ခဲ့ကြောင်း ဂုဏ်ယူစွာ ဖော်ပြအပ်ပါသည်။
Read More

မြန်မာအမျိုးသမီးများနေ့အကြို မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်

၂၀၂၄ ခုနစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၌ ပါမောက္ခချုပ်ဆရာမကြီး ဦးဆောင်၍ ဒုတိယပါမောက္ခချုပ်များ ၊ ဆရာဆရာမများ နှင့် ကျောင်းသားကျောင်းသူများ စုပေါင်း၍ စိုက်ပျိုးကြသည်။
Read More

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ

၂၀၂၄ ခုနှစ် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ ၊ ဆရာဆရာမများ နှင့် ကျောင်းသားကျောင်းသူများ တက်ရောက် စိုက်ပျိုးကြသည်။
Read More

The Second Belt and Road International Skills Competition

Chongqing၊ China မြို့တွင် (၂၄-၆-၂၀၂၄)ရက်နေ့မှ (၂၆-၆-၂၀၂၄)ရက်နေ့အထိ ကျင်းပခဲ့သည့် နိုင်ငံပေါင်း(၆၂)နိုင်ငံပါဝင်သော “Second Belt and Road International Skills Competition” ပြိုင်ပွဲသို့ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ တတိယနှစ်(CS-Semester-V)သင်တန်းမှ ကျောင်းသား မောင်ထက်အောင်ရှိုင်းသည် “Industrial Robot System Operation” ခေါင်းစဉ်ဖြင့် နိုင်ငံပေါင်း(၁၂)နိုင်ငံမှ ကျောင်းသား၊ကျောင်းသူများနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Silver Medal (ငွေတံဆိပ်ဆု)ရရှိခဲ့ပြီး သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် နိုင်ငံဂုဏ်ကို မြှင့်တင် နိုင်ခဲ့ကြောင်း ဂုဏ်ယူစွာ ဖော်ပြအပ်ပါသည်။
Read More

မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီး၊ တရားရေးလွှတ်တော်၊ တွဲဖက်ခရိုင် တရားသူကြီး ဦးမင်းသန့် မှ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ၊ မူပိုင်ခွင့်မှုခင်းဆိုင်ရာ ပြဌာန်းချက်များ၊ မူပိုင်ခွင့်ဆိုင်မှုခင်းများ စစ်ဆေးစီရင်ခြင်း၊ တရားမကြောင်းအရ စွဲဆိုသည့် မူပိုင်ခွင့်ဆိုင်ရာ မှုခင်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူ ဆရာ၊ဆရာမများ ကျောင်းသားကျောင်းသူများ၏ မေးမြန်းချက်များအား ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည်။
Read More
1 3 4 5 6 7 15

Upcoming Events

There're no item that match your search criteria. Please try again with different keywords.

Text Widget

Nullam quis risus eget urna mollis ornare vel eu leo. Nullam id dolor id nibh ultricies vehicula ut id elit. Donec ullamcorper nulla non metus auctor fringilla. Maecenas sed diam eget.

Recent News

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ထမနဲထိုးပြိုင်ပွဲ
February 6, 2026
AAET SCIENCE FAIR AND YOUNG ENGINEERS FORUM 2025
December 22, 2025
သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ဆဌမအကြိမ် ဘွဲ့နှင်းသဘင်
December 9, 2025