University of Information Technology

News & Announcements

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ

၂၀၂၄ ခုနှစ် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ ၊ ဆရာဆရာမများ နှင့် ကျောင်းသားကျောင်းသူများ တက်ရောက် စိုက်ပျိုးကြသည်။
Read More

The Second Belt and Road International Skills Competition

Chongqing၊ China မြို့တွင် (၂၄-၆-၂၀၂၄)ရက်နေ့မှ (၂၆-၆-၂၀၂၄)ရက်နေ့အထိ ကျင်းပခဲ့သည့် နိုင်ငံပေါင်း(၆၂)နိုင်ငံပါဝင်သော “Second Belt and Road International Skills Competition” ပြိုင်ပွဲသို့ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ တတိယနှစ်(CS-Semester-V)သင်တန်းမှ ကျောင်းသား မောင်ထက်အောင်ရှိုင်းသည် “Industrial Robot System Operation” ခေါင်းစဉ်ဖြင့် နိုင်ငံပေါင်း(၁၂)နိုင်ငံမှ ကျောင်းသား၊ကျောင်းသူများနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Silver Medal (ငွေတံဆိပ်ဆု)ရရှိခဲ့ပြီး သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် နိုင်ငံဂုဏ်ကို မြှင့်တင် နိုင်ခဲ့ကြောင်း ဂုဏ်ယူစွာ ဖော်ပြအပ်ပါသည်။
Read More

မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီး၊ တရားရေးလွှတ်တော်၊ တွဲဖက်ခရိုင် တရားသူကြီး ဦးမင်းသန့် မှ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ၊ မူပိုင်ခွင့်မှုခင်းဆိုင်ရာ ပြဌာန်းချက်များ၊ မူပိုင်ခွင့်ဆိုင်မှုခင်းများ စစ်ဆေးစီရင်ခြင်း၊ တရားမကြောင်းအရ စွဲဆိုသည့် မူပိုင်ခွင့်ဆိုင်ရာ မှုခင်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူ ဆရာ၊ဆရာမများ ကျောင်းသားကျောင်းသူများ၏ မေးမြန်းချက်များအား ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည်။
Read More

တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန မှ ကြီးမှူးကျင်းပသော နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော ဒုတိယနှစ်သင်တန်းမှ မပြည့်မှူးရတီ နှင့် မသဲနှင်းဆု တို့သည် ကြက်တောင်ပြိုင်ပွဲ(အတွဲလိုက်-မ)တွင် ဒုတိယဆု ရရှိပါသဖြင့် မှတ်တမ်းတင်ဂုဏ်ပြုဖော်ပြအပ်ပါသည်။
Read More

ITPEC Award

၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် ဂျပန်နိုင်ငံ IPA နှင့် မြန်မာနိုင်ငံ MCF မှ ပူးပေါင်းကျင်းပခဲ့သော ITPEC စာမေးပွဲတွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ အောက်ဖော်ပြပါ ဆု (၃)ခုကို ဆွတ်ခူးခဲ့ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။  Highest Pass Rate Award (FE exam) Highest Pass Rate Award (IP exam) Highest Enrollment Award 
Read More
1 2 3 4 5 6 13