E- Learning Lecture Development သင်တန်းပို့ချဖြန့်ဝေခြင်း

ACU Project မှ ရရှိထားသည့် နည်းပညာနှင့် အတွေ့အကြုံများကို လက်ဆင့်ကမ်းဖြန့်ဝေပေးသည့်အနေဖြင့် ” E- Learning Lecture Development” သင်တန်းကို ၈.၆.၂၀၂၀ မှ ၁.၇.၂၀၂၀ အထိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် မှ online ဖြင့် သင်တန်းပို့ချဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါသင်တန်းသို့ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ရန်ကုန်အဝေးသင် တက္ကသိုလ် ၊ ရန်ကုန်ပညာရေး တက္ကသိုလ်တို့မှ သင်တန်းသား သင်တန်းသူ ၅၃ ဦး၊ လေ့လာသူ ၂၆ ဦး စုစုပေါင်း ၇၉ ဦးတက်ရောက်ခဲ့ကြပါသည်။သင်တန်းပြီးစီးကြောင်းအသိအမှတ်ပြု လက်မှတ်များကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါသည်။