News

Category

04
Jul

မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ

၂၀၂၄ ခုနှစ် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ ၊ ဆရာဆရာမများ နှင့် ကျောင်းသားကျောင်းသူများ တက်ရောက် စိုက်ပျိုးကြသည်။
Read More
04
Jul

The Second Belt and Road International Skills Competition

Chongqing၊ China မြို့တွင် (၂၄-၆-၂၀၂၄)ရက်နေ့မှ (၂၆-၆-၂၀၂၄)ရက်နေ့အထိ ကျင်းပခဲ့သည့် နိုင်ငံပေါင်း(၆၂)နိုင်ငံပါဝင်သော “Second Belt and Road International Skills Competition” ပြိုင်ပွဲသို့ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ တတိယနှစ်(CS-Semester-V)သင်တန်းမှ ကျောင်းသား မောင်ထက်အောင်ရှိုင်းသည် “Industrial Robot System Operation” ခေါင်းစဉ်ဖြင့် နိုင်ငံပေါင်း(၁၂)နိုင်ငံမှ ကျောင်းသား၊ကျောင်းသူများနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Silver Medal (ငွေတံဆိပ်ဆု)ရရှိခဲ့ပြီး သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် နိုင်ငံဂုဏ်ကို မြှင့်တင် နိုင်ခဲ့ကြောင်း ဂုဏ်ယူစွာ ဖော်ပြအပ်ပါသည်။
Read More
05
Mar

မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်တွင် မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီး၊ တရားရေးလွှတ်တော်၊ တွဲဖက်ခရိုင် တရားသူကြီး ဦးမင်းသန့် မှ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများ၊ မူပိုင်ခွင့်မှုခင်းဆိုင်ရာ ပြဌာန်းချက်များ၊ မူပိုင်ခွင့်ဆိုင်မှုခင်းများ စစ်ဆေးစီရင်ခြင်း၊ တရားမကြောင်းအရ စွဲဆိုသည့် မူပိုင်ခွင့်ဆိုင်ရာ မှုခင်းများနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူ ဆရာ၊ဆရာမများ ကျောင်းသားကျောင်းသူများ၏ မေးမြန်းချက်များအား ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည်။
Read More
06
Feb

တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန မှ ကြီးမှူးကျင်းပသော နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲတွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော ဒုတိယနှစ်သင်တန်းမှ မပြည့်မှူးရတီ နှင့် မသဲနှင်းဆု တို့သည် ကြက်တောင်ပြိုင်ပွဲ(အတွဲလိုက်-မ)တွင် ဒုတိယဆု ရရှိပါသဖြင့် မှတ်တမ်းတင်ဂုဏ်ပြုဖော်ပြအပ်ပါသည်။
Read More
09
Jan

ITPEC Award

၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင် ဂျပန်နိုင်ငံ IPA နှင့် မြန်မာနိုင်ငံ MCF မှ ပူးပေါင်းကျင်းပခဲ့သော ITPEC စာမေးပွဲတွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ အောက်ဖော်ပြပါ ဆု (၃)ခုကို ဆွတ်ခူးခဲ့ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။  Highest Pass Rate Award (FE exam) Highest Pass Rate Award (IP exam) Highest Enrollment Award 
Read More
27
Dec

KLab Myanmar UIT

KLab Myanmar UIT မှ ၂၀၂၂-၂၀၂၃ စာသင်နှစ်တွင် ပို့ချခဲ့သော Digital Fabrication Training တွင် ဒုတိယနှစ် ကျောင်းသား၊ကျောင်းသူများ အဖွဲ့လိုက်ပြုလုပ်ခဲ့သည့် Microcontroller အခြေခံ Project များအား မိတ်ဆက်တင်ပြအပ်ပါသည်။ Escape Adventure!! အလုံပိတ်အခန်းတစ်ခုတွင် ပိတ်မိနေရာမှ အချိန်အကန့်အသတ်တစ်ခု အတွင်း ပဟေဠိများ အဆင့်ဆင့်စဥ်းစား အဖြေရှာပြီး လွတ်မြောက်အောင်ကြိုးစားရသည့် Escape Room Game ကို Microcontroller နည်းပညာနှင့် ပေါင်းစပ်တည်ဆောက် ထားသည့် စိတ်ဝင်စားဖွယ်ရာ Game Project တစ်ခုဖြစ်ပါသည်။ နမူနာပုံစံ Prototype မျှသာမဟုတ်ဘဲ အမှန်တကယ် ပါဝင်ကစားနိုင်သော ဝန်းကျင်တစ်ခုကို Arduino Microcontrollers၊ Sensors၊ Actuators၊ Motorများနှင့် အခြား Electronic Components...
Read More
15
Nov

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး စာစီစာကုံး ပြိုင်ပွဲ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိ ပညာပေးပြိုင်ပွဲ၊ “အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော စာစီစာကုံးပြိုင်ပွဲတွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ်မှ မအေးမြတ်သိင်္ဂီ သည် တစ်ဦးချင်း ယှဥ်ပြိုင်ရာတွင် တတိယဆု ရရှိခဲ့ပါ သဖြင့် ဂုဏ်ယူ၀မ်းမြောက်စွာ ဖော်ပြအပ်ပါသည်။
Read More
15
Nov

ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၃ (တက္ကသိုလ်အဆင့်)

သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မှ မောင်လင်းခန့်ကျော် သည် ဆိုက်ဘာလုံခြုံရေး အသိပညာပေး ဗီဒီယိုပြိုင်ပွဲ-၂၀၂၃ (တက္ကသိုလ်အဆင့်) တွင် တစ်ဦးချင်း Online မှ ယှဥ်ပြိုင်ရာတွင် နှစ်သိမ့်ဆု ရရှိခဲ့ပါ သဖြင့် ဂုဏ်ယူ၀မ်းမြောက်စွာ ဖော်ပြအပ်ပါသည်။
Read More
15
Nov

Cyber SEA Game 2023

ထိုင်းနိုင်ငံ National Cyber Security Agency of Thailand (NCSA) နှင့် Japan International Cooperation Agency (JICA) တို့ ပူးပေါင်းဆောင်ရွက်မှုအရ ASEAN- Japan Cybersecurity Capacity Building Centre (AJCCBC) မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် “Cyber SEA Game 2023” ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအသင်း အနေဖြင့် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မှ မောင်မင်းစစ်ပိုင်မှူး နှင့် မောင်ဇေယျာထက် တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အတွက် ဂုဏ်ယူ၀မ်းမြောက်ကြောင်း ဖော်ပြအပ်ပါသည်။
Read More
15
Nov

Myanmar Cyber Security Challenge 2023

နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ်(၂) တွင် ကျင်းပခဲ့သော Myanmar Cyber Security Challenge 2023 ပြိုင်ပွဲ ၌ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် မှ မောင်မင်းစစ်ပိုင်မှူး ၊ စောရော်နယ် နှင့် မောင်ဇေယျာထက် တို့သည် အဖွဲ့လိုက် ယှဥ်ပြိုင်ရာတွင် ဒုတိယဆု ရရှိခဲ့ပါ သဖြင့် ဂုဏ်ယူ၀မ်းမြောက်စွာ ဖော်ပြအပ်ပါသည်။
Read More
1 2 3 4 5 7

Upcoming Events

There're no item that match your search criteria. Please try again with different keywords.

Text Widget

Nullam quis risus eget urna mollis ornare vel eu leo. Nullam id dolor id nibh ultricies vehicula ut id elit. Donec ullamcorper nulla non metus auctor fringilla. Maecenas sed diam eget.

Recent News

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ဆဌမအကြိမ် ဘွဲ့နှင်းသဘင်
December 9, 2025
၂၀၂၅ ခုနှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ပထမနှစ် ကွန်ပျူတာသိပ္ပံ နှင့် နည်းပညာသင်တန်းသို့ ဝင်ခွင့်ရရှိသော ကျောင်းသား၊ကျောင်းသူများ စာရင်းထုတ်ပြန်ခြင်း
November 13, 2025
သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ဆဌမအကြိမ် ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း
October 27, 2025