KLab Myanmar UIT

KLab Myanmar UIT မှ ၂၀၂၂-၂၀၂၃ စာသင်နှစ်တွင် ပို့ချခဲ့သော Digital Fabrication Training တွင် ဒုတိယနှစ် ကျောင်းသား၊ကျောင်းသူများ အဖွဲ့လိုက်ပြုလုပ်ခဲ့သည့် Microcontroller အခြေခံ Project များအား မိတ်ဆက်တင်ပြအပ်ပါသည်။

Escape Adventure!!

အလုံပိတ်အခန်းတစ်ခုတွင် ပိတ်မိနေရာမှ အချိန်အကန့်အသတ်တစ်ခု အတွင်း ပဟေဠိများ အဆင့်ဆင့်စဥ်းစား အဖြေရှာပြီး လွတ်မြောက်အောင်ကြိုးစားရသည့် Escape Room Game ကို Microcontroller နည်းပညာနှင့် ပေါင်းစပ်တည်ဆောက် ထားသည့် စိတ်ဝင်စားဖွယ်ရာ Game Project တစ်ခုဖြစ်ပါသည်။

နမူနာပုံစံ Prototype မျှသာမဟုတ်ဘဲ အမှန်တကယ် ပါဝင်ကစားနိုင်သော ဝန်းကျင်တစ်ခုကို Arduino Microcontrollers၊ Sensors၊ Actuators၊ Motorများနှင့် အခြား Electronic Components များစွာဖြင့် အကောင်အထည်ဖော်တည်ဆောက်ထားပါသည်။

ဝှက်ထားသည့် ထွက်ပေါက်တံခါးငယ်ကို ဖွင့်နိုင်ရန် လျှို့ဝှက်Code ၄လုံး လိုအပ်မည်ဖြစ်ပြီး တစ်လုံးချင်းစီကို ဖော်ထုတ်ရန် အခန်းတွင်း တပ်ဆင်ထားသော Clue Modules များကို Logic Puzzles၊ Riddles နှင့် Sensorအခြေခံသည့် Challenges များဖြင့် စိတ်ဝင်စားဖွယ်ရာ တည်ဆောက်ထားပါသည်။ အဆင့်ဆင့် ရှာဖွေတွေ့ရှိခဲ့သည့် လျှို့ဝှက်နံပါတ်‌များကို ပေါင်းစပ်၍ မှန်မှန်ကန်ကန် စီစဥ်တကျ ထည့်နိုင်မှသာ ထွက်‌ပေါက်ဖွင့်နိုင်ရန် စီမံဆောင်ရွက်ထားရှိပါသည်။

သဲလွန်စအမှန်များအပြင် ‌ထောင်ချောက်ဆင်သဲလွန်စများကိုပါ ထည့်သွင်း လမ်းညွှန်ထားသည့်အတွက် ပါဝင် ကစားသူများ၏ ဆက်စပ်တွေးခေါ်နိုင်မှု ဥာဏ်ရည်ဥာဏ်သွေးကိုပါ စိန်‌ခေါ်ထားသည့် အရည်အချင်းစစ် ကစားနည်းဖြစ်ပါသည်။

အလုံပိတ်အခန်းနှင့် ပါဝင်သော Moduleများ တည်ဆောက်မှုအတွက် Laser Cutter ကို အဓိက အသုံးပြုထားပြီး အခြားသော လက်မှုပညာများပေါင်းစပ်၍ Detective Themeကို ပေါ်လွင်စေရန် စိတ်ဝင်စားဖွယ်ရာဖြစ်‌စေရန် Designထုတ် ဖန်တီးထားသည့် Fun နှင့် Technologies ပေါင်းစပ်အသိပညာ ပေးထားသည့် ကျောင်းသား၊ကျောင်းသူများ၏အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုတစ်ခုဖြစ်ပါသည်။

ဤGame Projectတွင် ပါဝင်ကစားခြင်းအားဖြင့် Microcontrollers ၏ လက်တွေ့ အသုံးချနိုင်မှုကို သိမြင်လွယ်စေပြီး အခြေခံ Electronics နှင့် Programming အယူအဆများကို မျက်ဝါးထင်ထင် လေ့လာနိုင်သော အကျိုးကျေးဇူးကို ရရှိနိုင်ကြစေရန် ရည်ရွယ်ပါသည်။

JuiceBot

Bluetooth Application ဖြင့် သုံးစွဲသူစိတ်ကြိုက် ရွေးချယ်သောက်သုံးနိုင်သော Smart Dispensing Machine ဖြစ်ပါသည်။ စတော်ဘယ်ရီ၊ ကီဝီ၊ လိမ္နော်၊ သံပုရာ နှင့် ပန်းသီး ဖျော်ရည်များအတွက် Laser Cutter နှင့် Vinyl Cutter များ အသုံးပြု၍ Design ထုတ် တည်ဆောက်ထားပြီး အဆိုပါသစ်သီးဖျော်ရည် ၅မျိုးအပြင် ဖျော်ရည် နှစ်မျိုးရောစပ်နိုင်သော Mixture (၃) မျိုးကိုလည်း Mobile device အသုံးပြု၍ App ၏ Display မှတဆင့် လွယ်ကူစွာ Click နှိပ် ရွေးချယ်နိုင်ပါသည်။

ဖျော်ရည်ခွက်တင်ထားသော Auto-Run Tray သည် စဦးသတ်မှတ် နေရာမှ အသုံးပြုသူ ရွေးချယ်ထားသော ဖျော်ရည် Tank ရှိရာ နေရာသို့ အလိုလျောက်ရွေ့လျားသွားမည်ဖြစ်ပြီး ဖျော်ရည်သည် သတ်မှတ်ထားသော ပမာဏအတိုင်း ခွက်အတွင်းသို့ ကျလာစေရန် စီမံထားရှိပါသည်။

သုံးစွဲသူမှ ဖျော်ရည်ခွက်ကို ယူသွားပြီးခြင်းရှိမရှိကို Sensorမှ ဖတ်၍ ယူဆောင်သွားပြီးပါက စဦးသတ်မှတ် နေရာသို့ Tray ပြန်လည် ရွေ့လျားသွားမည်ဖြစ်ပါသည်။

ထို့ပြင်  ဖျော်ရည် Tank ထဲတွင် ဖျော်ရည်ပမာဏ နည်းလာပါက ထည့်သွင်းတည်ဆောက်ထားသော Refill System ကို Activate လုပ်ခြင်းအားဖြင့် အသင့်တပ်ဆင်ထားရှိသော Refill Tank များထဲမှ ဖျော်ရည် အသီးသီးကို လိုအပ်သော ပမာဏအတိုင်း  ပြန်လည်ဖြည့်ပေးနိုင်စေရန်လည်း စီစဥ်ဆောင်ရွက်ထားရှိပါသည်။

သုံးစွဲပုံအညွှန်းကိုလည်း QR Codeထည့်သွင်းထားသည့်အတွက် မည်သည့် Mobile Deviceမှ မဆို Scan လုပ်လိုက်ရုံဖြင့် လွယ်ကူရိုးရှင်းစွာ သုံးစွဲနိုင်မည်ဖြစ်ပါသည်။

ဒုတိယနှစ်တွင် သင်ကြားပို့ချခဲ့သော Engineering Circuits နှင့် Fabrication Techniques များကို အခြေခံကာ Arduino၊ Conveyer၊ Timing Belt၊ Motors၊ Water Pumps၊ Sensorsများနှင့် အခြား Components များဖြင့် ပေါင်းစပ် တည်ဆောက်ထားပါသည်။

အသေးစား၊အလတ်စားစားသောက်ကုန်လုပ်ငန်းများ နှင့် အခြေခံ စားသုံးသူများ၏ အဆင်ပြေချောမွေ့မှုကို အထောက်အကူ ပြုရန်သာမက နေ့စဥ်ဘဝတွင် Smart Devices များအသုံးများလာသော မျက်မှောက်ခေတ်၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်သည့် နည်းပညာအထောက်အကူပြု လက်တွေ့ အသုံးချနိုင်သော Project တည်ဆောက်မှုတစ်ခုဖြစ်ပါသည်။

Upcoming Events

There're no item that match your search criteria. Please try again with different keywords.

Text Widget

Nullam quis risus eget urna mollis ornare vel eu leo. Nullam id dolor id nibh ultricies vehicula ut id elit. Donec ullamcorper nulla non metus auctor fringilla. Maecenas sed diam eget.

Recent News

Regen Asia Summit (RAS) 2025
July 24, 2025
ASEAN Student Mobility Programme
July 23, 2025
Vibrance 25 – National-Level Cultural and Sport Festival
July 23, 2025