November 4, 2020

Day

04
Nov

စတုတ္ထအကြိမ်မြောက် အဆင့်မြင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ နိုင်ငံတကာစာတမ်းဖတ်ပွဲ The 4th International Conference on Advanced Information Technologies (ICAIT 2020) သတင်း

      သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သည် နိုင်ငံတကာအဆင့်မှီအရည်အချင်းပြည့်ဝ သော လူ့စွမ်းအားအရင်းအမြစ်များကိုပြုစုပျိုးထောင်ခြင်းဖြင့် တက္ကသိုလ်၏ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးမှုများ တိုးတက်စေရန် ဒေသတွင်းနှင့်နိုင်ငံတကာ သုတေသီများ၏အကြံဉာဏ်များ နှင့်သုတေသန ရလဒ်များကိုဖလှယ်ရန်ရည်ရွယ်၍  စတုတ္ထအကြိမ်မြောက် အဆင့်မြင့်သတင်းအချက်အလက်နည်း ပညာဆိုင်ရာနိုင်ငံတကာစာတမ်းဖတ်ပွဲ (The 4th International Conference on Advanced Information Technologies (ICAIT 2020)) ကို ရန်ကုန်မြို့ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်မှ FULLY ONLINE ဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၄) ရက်နှင့် (၅) ရက်နေ့ များတွင် သက်ဆိုင် ရာ ဘာသာရပ်နယ်ပယ်အလိုက် ပြည်တွင်းပြည်ပ မှ စာတမ်းရှင်များမှ စာတမ်းများတင်သွင်း ဖတ်ကြားခဲ့ပါသည်။       စာတမ်းဖတ်ပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မှ အဖွင့်အမှာစကားပြောကြားရာတွင် “ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များ၏ သုတေသန ဖွံ့ဖြိုးတိုးတက်ရေးအလေးအနက်ထားဆောင်ရွက်နေပြီး အဆင့်မြင့်ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်း စဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်၏ပညာရေး အရည်အသွေး တိုးတက်စေရန် ကြိုးပမ်းမှုတစ်စိပ်တစ်ပိုင်းအဖြစ် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် အပါအဝင် တက္ကသိုလ် (၁၆) ကျောင်းကို (Autonomous University) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ အဖြစ်ခွင့်ပြုပေးခဲ့ကြောင်း၊ သတင်းအချက်အလက်နည်း ပညာတက္ကသိုလ်သည် ၂၀၁၇ စတင်၍ သုတေသနစာတ်မးဖတ်ပွဲကိုကျင်းပခဲ့ရာ ပြည်တွင်းပြည်ပ ပညာရှင်များ၏ သုတေသနဆိုင်ရာ ရလဒ်များကို အပြန်အလှန်ဆွေးနွေးခြင်း၊ လေ့လာသင်ယူ ခြင်းနှင့်မျှဝေရန်အခွင့်အလမ်းများရရှိ နိုင်ကြောင်း၊ တင်သွင်းဖတ်ကြားသော သုတေသနစာတမ်း...
Read More

Upcoming Events

There're no item that match your search criteria. Please try again with different keywords.

Text Widget

Nullam quis risus eget urna mollis ornare vel eu leo. Nullam id dolor id nibh ultricies vehicula ut id elit. Donec ullamcorper nulla non metus auctor fringilla. Maecenas sed diam eget.

Recent News

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ဆဌမအကြိမ် ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း
October 27, 2025
ပါရဂူဘွဲ့သင်တန်းသား/သူများ ခေါ်ယူခြင်း
October 26, 2025
မဟာကွန်ပျူတာသိပ္ပံဘွဲ့/မဟာကွန်ပျူတာနည်းပညာဘွဲ့သင်တန်းသား/သူများ ခေါ်ယူခြင်း
October 26, 2025