အရည်အသွေးအာမခံမှုဆိုင်ရာနှီးနှောဖလှယ်ပွဲ

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၌ မေလ ၁၀ရက်နေ့ နှင့် ၁၁ရက်နေ့တွင် ကျင်းပသော အရည်အသွေးအာမခံမှုဆိုင်ရာနှီးနှောဖလှယ်ပွဲသို့ အောက်မြန်မာပြည်ရှိကွန်ပျူတာတက္ကသိုလ် (၁၃)ကျောင်းမှ ပါမောက္ခချုပ်များ ၊ ဒုတိယပါမောက္ခချုပ်များ ၊ ပါမောက္ခများ ၊ တွဲဖက်ပါမောက္ခ၊ ကထိက ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပါသည်။

ယင်းနှီးနှောဖလှယ်ပွဲ၏ ပထမရက်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်မှ  Quality Assurance Principles for Institutions ဆိုင်ရာအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဆရာ၊ ဆရာမများမှ Group Discussion များပြုလုပ်ခဲ့ကြပါသည်။

ဒုတိယရက်တွင် အင်ဂျင်နီယာအထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေး စိစစ်အသိအမှတ်ပြုရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဇော်မင်းအောင်မှ Seoul Accord ဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါ်သွယ်သွယ်ဦးမှ Quality Management System  in Higher Education Institutions & Approach to IQA System ဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် တွဲဖက်ပါမောက္ခ ဒေါက်တာနွယ်နွယ်မြင့်သိန်းမှ  Information Sharing for IQA Unit of UIT ဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာကြသော ဆရာ၊ ဆရာမများမှ Group Discussion များပြုလုပ်ခဲ့ကြပါသည်။