စတုတ္ထအကြိမ်မြောက် အဆင့်မြင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာ နိုင်ငံတကာစာတမ်းဖတ်ပွဲ The 4th International Conference on Advanced Information Technologies (ICAIT 2020) သတင်း

      သတင်းအချက်အလက်နည်းပညာတက္ကသိုလ်သည် နိုင်ငံတကာအဆင့်မှီအရည်အချင်းပြည့်ဝ သော လူ့စွမ်းအားအရင်းအမြစ်များကိုပြုစုပျိုးထောင်ခြင်းဖြင့် တက္ကသိုလ်၏ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးမှုများ တိုးတက်စေရန် ဒေသတွင်းနှင့်နိုင်ငံတကာ သုတေသီများ၏အကြံဉာဏ်များ နှင့်သုတေသန ရလဒ်များကိုဖလှယ်ရန်ရည်ရွယ်၍  စတုတ္ထအကြိမ်မြောက် အဆင့်မြင့်သတင်းအချက်အလက်နည်း ပညာဆိုင်ရာနိုင်ငံတကာစာတမ်းဖတ်ပွဲ (The 4th International Conference on Advanced Information Technologies (ICAIT 2020)) ကို ရန်ကုန်မြို့ သတင်းအချက်အလက်နည်းပညာ တက္ကသိုလ်မှ FULLY ONLINE ဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၄) ရက်နှင့် (၅) ရက်နေ့ များတွင် သက်ဆိုင် ရာ ဘာသာရပ်နယ်ပယ်အလိုက် ပြည်တွင်းပြည်ပ မှ စာတမ်းရှင်များမှ စာတမ်းများတင်သွင်း ဖတ်ကြားခဲ့ပါသည်။

      စာတမ်းဖတ်ပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မှ အဖွင့်အမှာစကားပြောကြားရာတွင် “ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များ၏ သုတေသန ဖွံ့ဖြိုးတိုးတက်ရေးအလေးအနက်ထားဆောင်ရွက်နေပြီး အဆင့်မြင့်ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်း စဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်၏ပညာရေး အရည်အသွေး တိုးတက်စေရန် ကြိုးပမ်းမှုတစ်စိပ်တစ်ပိုင်းအဖြစ် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် အပါအဝင် တက္ကသိုလ် (၁၆) ကျောင်းကို (Autonomous University) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ အဖြစ်ခွင့်ပြုပေးခဲ့ကြောင်း၊ သတင်းအချက်အလက်နည်း ပညာတက္ကသိုလ်သည် ၂၀၁၇ စတင်၍ သုတေသနစာတ်မးဖတ်ပွဲကိုကျင်းပခဲ့ရာ ပြည်တွင်းပြည်ပ ပညာရှင်များ၏ သုတေသနဆိုင်ရာ ရလဒ်များကို အပြန်အလှန်ဆွေးနွေးခြင်း၊ လေ့လာသင်ယူ ခြင်းနှင့်မျှဝေရန်အခွင့်အလမ်းများရရှိ နိုင်ကြောင်း၊ တင်သွင်းဖတ်ကြားသော သုတေသနစာတမ်း များမှာလည်း အရည်းအသွေးနှင့် အရေအတွက်ပါ တဖြည်းဖြည်းတိုးတက်လာမည်ဟုယုံကြည်ကြောင်း၊ ဤစာတမ်းဖတ်ပွဲကို ဦးဆောင်ကျင်းပသော သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြသော ပြည်တွင်း၊ ပြည်ပ တက္ကသိုလ်များ၊ အဖွဲ့အစည်းအသီးသီးအား ကျေးဇူးတင်ပါကြောင်း” ပြောကြားကာ အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပါသည်။

      ထိုနောက်အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌ ဒေါက်တာမျိုးကြွယ်မှ “အမျိုးသား ပညာရေးမူဝါဒကော်မရှင်သည် မြန်မာ့ပညာရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒဆိုင်ရာအကြံပြုချက်များပေးရန် အတွက် ဖွဲ့စည်း ထားခြင်းဖြစ်ကြောင်း၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ၏ စတုတ္ထအကြိမ်မြောက်အဆင့်မြင့်သတင်းအချက်အလက်နည်း ပညာဆိုင်ရာနိုင်ငံတကာစာတမ်းဖတ်ပွဲ (The 4th International Conference on Advanced Information Technologies (ICAIT 2020)) ပွဲသည် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက် နိုင်မှု ကိုရယူပြီးဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ကြီးမားသော အောင်မြင်မှုဖြစ်ကြောင်း၊ ဤစာတမ်းဖတ်ပွဲမှ သုတေသနဆိုင်ရာအချက်အလက်များ၊ ရလဒ်များကိုဖလှယ်ခြင်းဖြင့် သုတေသနဆိုင်ရာအရင်းမြစ်ကောင်းများရရှိနိုင်မှာ ဖြစ်ကြောင်း” မှတ်ချက် ပြုစကားပြောကြားပါသည်။ 

      သတင်းအချက်အလက်နည်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေး မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် “သတင်းအချက်အလက်နည်းပညာတက္ကသိုလ်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုကြောင်း၊ ၂၀၁၇ ခုနှစ်မှစတင်ကာ ICAIT ကိုစတင်ခဲ့ကြောင်း အရည်အသွေး ပြည့်မှီသော စာတမ်းများ တိုးပွားစေရန်နှင့် Conference ၏အဆင့်အတန်းတိုးတက်ရန် ရည်သန်၍ IEEE Myanmar Subsection နှင့်ပူးပေါင်းကာ သုတေသနစာတမ်းများကို ၂၀၁၉ ခုနှစ် ICAIT မှစတင်၍ IEEE Explore သို့တင်သွင်းခဲ့ပြီး စာတမ်းရှင်များ၏ သုတေသနရလဒ်များကို နိုင်ငံတကာအဆင့် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း” ပြောကြားကာ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။

      ဖွင့်ပွဲအခမ်းအနားကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တက္ကသိုလ်၊ ကောလိပ်များမှပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခများ၊ သုတေသနပညာရှင်များ၊စာတမ်းရှင်များ၊ ပြည်တွင်းပြည်ပ IT Industries များမှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

      စာတမ်းဖတ်ပွဲတွင် အီတလီနိုင်ငံ၊ Politecnico di Milano ၏ Emeritus Professor  Dr. Carlo Ghezzi မှ Cyber-Physical Spaces: A challenge for Software Engineering ခေါင်းစဉ်ဖြင့် Keynote Speech အစီအစဉ်တွင်ဟောပြောပေးခဲ့ပြီး၊ ဂျပန်နိုင်ငံ Nagoya Institute of Technology မှ Prof. Yutaka Ishibashi မှ Supports to Remote Robots by Humans with Force Feedback နှင့် Saitama University မှ Prof. Tetsuya Shimamura မှ Artificial Intelligence in Signal Processingခေါင်းစဉ်များဖြင့် Invited Talk အစီအစဉ်များတွင် ပညာရပ်ဆိုင်ရာ အကြောင်းအရာများကို Academic နှင့်Industries တို့မှသုတေသနပြုချက်များပေါ်အခြေခံ၍ ဟောပြောကြပါသည်။

      ထို့နောက် စာတမ်းရှင်များ၏စာတမ်းဖတ်ကြားခြင်း အစီအစဉ်များကို သက်ဆိုင်ရာဘာသာ ရပ်နယ်ပယ်အလိုက် စာတမ်းပေါင်း (၄၁) စောင်အားအစီအစဉ် (၁၀) ခုခွဲ၍ ဖတ်ကြားတင်သွင်း ခဲ့ကြပါသည်။ ဖတ်ကြားတင်သွင်းခဲ့သောစာတမ်းပေါင်း (၄၁) ကို IEEE Explore ထည့်သွင်း ပေးမည်ဖြစ်ပါသည်။

      စတုတ္ထအကြိမ်မြောက်အဆင့်မြင့်သတင်းအချက်အလက်နည်းပညာဆိုင်ရာနိုင်ငံတကာစာတမ်း ဖတ်ပွဲ (The 4thInternational Conference on Advanced Information Technologies (ICAIT 2020)) တွင် IEEE Myanmar Subsection မှ Technical Program Member အဖြစ်လည်းကောင်း MPT မှ Telecom Partnership အဖြစ်လည်းကောင်း ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါသည်။

 ICAIT 2020 သတင်းနှင့်ပြန်ကြားရေး

Upcoming Events

There're no item that match your search criteria. Please try again with different keywords.

Text Widget

Nullam quis risus eget urna mollis ornare vel eu leo. Nullam id dolor id nibh ultricies vehicula ut id elit. Donec ullamcorper nulla non metus auctor fringilla. Maecenas sed diam eget.

Recent News

Regen Asia Summit (RAS) 2025
July 24, 2025
ASEAN Student Mobility Programme
July 23, 2025
Vibrance 25 – National-Level Cultural and Sport Festival
July 23, 2025